


ဆီပူထဲမှာ အကြော်ခံရမှ ငရဲကျတာ မဟုတ်ဘူး၊ မြန်မာနိုင်ငံမှာ ပရိသတ်ဖြစ်ရတာလည်း ငရဲကျတာပါပဲ။ စိုးလင်းဦးနဲ့ သန့်ဇင်တို့ ပေးသွားတဲ့ ဒဏ်ရာတွေတောင် အကင်းမသေသေးပါဘူး။ အခုလည်း ဗရော်နီကာက ရက်စက်လိုက်ပြန်ပြီ။ ရှေ့ဘုန်းကြီး တစ်ချက်ခေါက်၊ နောက်ဘုန်းကြီး နှစ်ချက်ခေါက်ဆိုသလို ပရိသတ်တွေမှာလည်း နာကျင်မှုကို ထွေးပိုက်ရင်း ဆက်အားပေးရတာပါပဲ။ ကိုယ့်ဘက်က လက်ရည်သာပေမယ့် မတော်ချီထိပြီး မှောက်သွားတယ်ဆိုရင် ဘာမှပြောစရာမလိုပါဘူး။ အခုပွဲမှာ ဗီရာကောင်းတာထက် ဗရော်နီကာက အားနည်းလို့ပါ။ ဒီထက်ရှင်းအောင်ရေးရရင် ချာလို့ပါ။ သက်လုံက ကစားသမားအတွက် အခြေခံလိုအပ်ချက်မလား။ ဗီရာကို လျှော့တွက်လွန်းပြီး အိမ်စာလုပ်မလာဘူး။ သက်လုံက မူလအရင်းအမြစ်ပဲ။ သက်လုံကျရင် ဘာမှကို မလုပ်နိုင်တော့ဘူး။ ထိချက်က အားမပါတော့သလို လှုပ်ရှားမှုကလည်း လေးလာတယ်။ ခန္ဓာကိုယ်က အားနည်းလာတဲ့အတွက် ဦးနှောက်ဆုံးဖြတ်ချက်က မမှန်တော့ဘူး။ သက်လုံအားနည်းသွားရင် Game Plan ကောင်းနေရင်လည်း တလွဲတချော်ဖြစ်လာတာပဲ။ ဦးနှောက်က ပုံမှန်အလုပ်မလုပ်တဲ့အတွက် Fight IQ လည်း မရှိတော့ဘူး။ ခန္ဓာကိုယ်အားနည်းလာတာ ခြေထွက်လက်ထွက်က ဘယ်မှန်မလဲ။ ပုံမှန်အတိုင်းဆိုရင် ဗရော်နီကာက ဗီရာကို အသာလေးနိုင်ပါတယ်။ နိုင်မယ်လို့တောင် ထင်ထားတယ်။ မနိုင်စရာလည်း ဘာအကြောင်းမှ မရှိပါဘူး။ ONE Championship က ဒီလိုဖြစ်အောင် တမင်ပွဲချောင်ပေးတာပဲ။ ပွဲချောင်တာတောင် မနိုင်ဘူး။ ကိုယ့်သက်လုံကိုက မဟန်တာလေ။ ပွဲဝေးတာ မှန်ပေမယ့် Tiger Muay Thai ကလပ်မှာ အချိန်အပြည့်လေ့ကျင့်နေတာပဲလေ။ သက်လုံက ဒီလောက်ကျစရာ အကြောင်းမရှိပါဘူး။ သက်လုံက (၃) မိနစ်စာပဲ ပါလာတယ်။ လေ့ကျင့်ချိန်မှာ ဘာလုပ်နေသလဲ။ TikTok ရိုက်နေတာလား၊ ပုရိသအကြိုက် အညှီအဟောက်တွေ တင်နေလို့လား။ ပထမအချီမှာ ဗရော်နီကာက ကောင်းပေမယ့် ဒုတိယအချီမှာ အလဲထိုးခံရမလိုဖြစ်တယ်။ ကြိုးဝိုင်းဒိုင်က သေချာကြည့်နေတာပါ။ ဟန်ချက်ပျက်ရင် ပွဲရပ်လိုက်ဖို့ လက်ပြင်နေပြီ။ ခေါင်းလောင်းသံ ထွက်လာတာ ကံကောင်းသွားတာပါ။ နောက် (၁၅) စက္ကန့်လောက်သာ အချိန်ရရင် ဒုတိယအချီမှာတင် ကိစ္စပြတ်သွားတယ်။ တတိယအချီမှာလည်း ဗရော်နီကာက မဟန်ပါဘူး။ ဒူးတိုက်ချက်တွေ ထိပြီး ပိုမောသွားရတယ်။ သက်လုံက အဓိကအားနည်းချက်လေ။ အပေါ်မှာရေးထားသလို သက်လုံအားနည်းလာရင် ဘာမှကို မရတော့ဘူး။ အထိမခံချင်လို့ ပတ်ပြေးရအောင်လည်း သက်လုံမှ မကျန်တာ ဘယ်လိုပြေးမလဲ။ ပြိုင်ဘက်ထိုးတာ ပေခံရုံပဲရှိတော့တယ်။ ပွဲပြီးတဲ့အခါမှာ ဗရော်နီကာက မောဟိုက်ပြီး ခြေမသယ်ချင်၊ လက်မသယ်ချင်ဖြစ်နေတယ်။ ကစားသမားက ပေါ်ပင်မှာ ပျော်ရွှင်ရင် ရလဒ်ထိခိုက်တတ်တယ်။ ရှေ့မှာလည်း သာဓကတွေ အများကြီးပါပဲ။ လူမှုကွန်ရက်ပေါ်ပင်မှာ ပျော်ရွှင်တာထက် အားကစားကို စိတ်နှစ်ထားစေချင်ပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - SCMP Photo Credit - ONE Championship ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati

















































































































































































































































