


ပီအက်စ်ဂျီအသင်းကို ချန်ပီယံလိဂ်မှာ ရှုံးနိမ့်ပြီးတဲ့နောက် မန်စီးတီးအသင်းဟာ ရှေ့တစ်ပတ်ချန်ပီယံလိဂ်နောက် ဆုံးပွဲစဉ်ကို အနိုင်ကစားမှ နောက်တစ်ဆင့်အတွက် မျှော်လင့်ချက်ရှိတော့မှာ။ မန်စီးတီးဟာ ရှေ့တစ်ပတ်ထဲ ဘယ်လ်ဂျီယံကလပ် ဘရုဂျက်အသင်းနဲ့ ရင်ဆိုင်ရမှာပါ။ လက်ရှိ ၃၆ သင်းပါအမှတ်ပေးဇယားမှာ အဆင့် ၂၅ ရပ် တည်နေတဲ့ မန်စီးတီးဟာ ကလပ်ဘရုဂျက်အသင်းကို မနိုင်ခဲ့ဘူးဆိုရင်တော့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို မရောက်တော့ဘဲ ပြိုင်ပွဲကနေ ထွက်သွားရတော့မှာ ဖြစ်ပါတယ်။ ဒီတော့ အဲဒီပွဲစဉ်ဟာ မန်စီးတီးအတွက် သေရင်မြေကြီး ရှင်ရင်ရွှေထီးဆိုတဲ့ပွဲမျိုးဖြစ်နေပါတယ်။ ပီအက်စ်ဂျီကို ရှုံးပြီးနောက်မှာ မန်စီးတီးနည်းပြ guardiola ကလည်း ထိပ်သီးအသင်းနဲ့တွေ့နဲ့ဆိုရင် သူ့ရဲ့အသင်း ရုန်းကန်ရတာကို လက်ခံတယ်ဆိုပြီး ဝန်ခံသွား ပါတယ်။ ပီအက်စ်ဂျီအသင်းနဲ့ပွဲမှာ မန်စီးတီးဟာ နှစ်ဂိုးနဲ့ဦးဆောင်ထားနိုင်ရာကနေ ဒုတိယပိုင်းကျ အံ့အားသင့်ဖွယ်ရာ ခြေစွမ်းအားနည်းခဲ့ပြီး ၄-၂ ဂိုးနဲ့ရှုံးနိမ့်သွားခဲ့တာပဲ ဖြစ်ပါတယ်။ အခုတော့ မန်စီးတီးဟာ နိုင်ပွဲပြန်ရလာဖို့အရေး အတွက် အသင်းအတွက် ဇန်နဝါရီစျေးကွက် တတိယမြောက်ကစားသမားသစ်တစ်ဦးကို ခေါ်ယူလိုက်ပါပြီ။ နိုင်ပွဲပြန်ယူဖို့ မျှော်လင့်ချက်နဲ့ နည်းပြ guardiola ဟာ ရုန်းကန်နေရတဲ့သူ့အသင်းကို သွေးသစ်လောင်းခဲ့ရာမှာ စုစုပေါင်းဘက်ဂျက်ငွေ ၁၂၅သန်းအထိ သုံးစွဲထားပြီးဖြစ်ပါတယ်။ အခု တတိယမြောက်ခေါ်ယူလိုက်တဲ့ကစားသ မားသစ်ကတော့ ဂျာမန်ကလပ်ဖရန့်ဖတ်အသင်းတိုက်စစ်မှူး omar marmoush ပဲဖြစ်ပါတယ်။ အသက် ၂၅နှစ် အရွယ် marmoush ဟာ ပေါင် ၆၃သန်းနဲ့ ၂၀၂၉ ဇွန်လအထိကစားရမယ့် လေးနှစ်ခွဲစာချုပ်ကို မန်စီးတီးနဲ့ချုပ် ဆို လိုက်တာပဲ ဖြစ်ပါတယ်။ နည်းပြ guardiola ဟာ နွေတုန်းက Julian Alvarez ကို ရောင်းထုတ်ပြီးနောက်ပိုင်း နောက်ထပ်တိုက်စစ်မှူးတစ် ဦးကို ခေါ်ချင်နေခဲ့တာဖြစ်ပါတယ်။ အခုခေါ်ယူလိုက်တဲ့ marmoush ဟာ ဒီရာသီ ဖရန့်ဖတ်အသင်းအတွက် ၂၆ပွဲ ကစားပြီး ဂိုး ၂၀ သွင်းယူထားတာပါ။ မန်စီးတီးဟာ ဗဟိုခံစစ်မှူးတွေဖြစ်တဲ့ Abdukodir Khusanov နဲ့ Vitor Reis တို့ကို ခေါ်ယူခဲ့ပြီးဖြစ်လို့ marmoush က တတိယမြောက်ကစားသမားသစ်ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် မန်စီးတီးရဲ့ဇန်နဝါရီစျေးကွက်သုံးငွေဟာ ၁၂၅ သန်းအထိရှိလာတာပဲ ဖြစ်ပါတယ်။ “ဒီနေ့ဟာ ကျနော် ဘယ်တော့မှ မေ့မရမယ့်နေ့တစ်နေ့ပါပဲ။ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲကတစ်သင်းဖြစ်တဲ့ မန်စီးတီးနဲ့ စာချုပ်ရခြင်းဟာ အံ့ဩစရာခံစားမှုတစ်ရပ်ပါ။ ကျနော် သိပ်အားရတယ်၊ မိသားစုကလည်း အရမ်းဂုဏ် ယူနေတယ်။ မန်ချက်စတာမှာ နေရမှာမို့ ကျနော်တို့အားလုံး အရမ်းဝမ်းသာနေကြတယ်”လို့ marmoush က ထုတ်ပြောသွားပါတယ်။
© COPYRIGHTS 2024 by illuminati


























































































































