


လီဗာပူးလ်အသင်းရဲ့ ဒုတိယဂိုးသမားဖြစ်တဲ့ Caoimhin Kelleher ဟာ ပထမပွဲထွက်ဂိုးသမားနေရာကို လိုချင်တာကြောင့် လီဗာပူးလ်အသင်းကို စွန့်ခွာဖို့အတွက် ဖြစ်နိုင်ခြေရှိလာပြီလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အသက် ၂၅ နှစ်ရှိပြီ ဖြစ်တဲ့ Kelleher ဟာ Jurgen Klopp လက်ထက် ပွဲကြီးတစ်ချို့မှာ ပွဲထွက်ခွင့်ရခဲ့တာမှန်ပေမယ့် အန်ဖီးမှာ အရံဂိုးသမားအဖြစ်နဲ့သာ နေခဲ့ရတာပါ။ ဒါ့အပြင် လီဗာပူးလ်အသင်းက ဒီနွေရာသီမှာ ဂိုးသမား Girogi Mamardashvii ကို ခေါ်ယူပြီးအပြီးမှာတော့ Kelleher က အသင်းပြောင်းဖို့အတွက် စိတ်ဆုံးဖြတ်ချက်ချလိုက်တဲ့ပုံပါပဲ။ ဒါ့အပြင်အိုင်ယာလန်အသင်းနဲ့ ဂရိအသင်းတို့ပွဲမတိုင်ခင် အင်တာဗျူးမှာ ကယ်လယ်ဟာက အခုအတိုင်းပဲ ပြောသွားပါတယ်။ “အရင်နှစ်တွေထဲက ကျွန်တော် ပထမဂိုးသမားအဖြစ်နဲ့ အပတ်တိုင်းကစားချင်တယ်လို့ ပြောခဲ့ပြီးသားပါ။ ဒါပေမယ့် ကလပ်က နောက်ထပ်ဂိုးသမားတစ်ယောက် ထပ်ခေါ်ဖို့အတွက် ဆုံးဖြတ်လိုက်တယ်… သူတို့ တစ်ခြားလမ်းကြောင်းတစ်ခုကို သွားချင်လို့ပဲထင်ပါတယ်…. တစ်ခါတစ်လေ ကျွန်တော် လုပ်ချင်တိုင်းလုပ်လို့ရတာလည်း မဟုတ်ဘူးလေ..ကျွန်တော့် ရည်မှန်းချက်ကတော့ ပထမဂိုးသမားအဖြစ်နဲ့ အပတ်တိုင်းကစားခွင်ရဖို့ပါပဲ.. လီဗာပူးလ်အသင်းက ကျွန်တော့်အတွက် ကမ်းလှမ်းချက်အချို့ကိုလည်း ငြင်းခဲ့တာတွေ့ပါတယ်…ဆိုတော့ ကျွန်တော် ရွေးချယ်ခွင့်မဟုတ်ဘူးလေ” ဆိုပြီး ထုတ်ဖော်ပြောသွားခဲ့ပါတယ်။
© COPYRIGHTS 2024 by illuminati


























































































































