


Pieces Sports ပရိသတ်များအတွက် ဆက်လက်ဖော်ပြပေးမယ့် မှတ်တမ်းတွေကတော့ အကြီးမားဆုံးနိုင်ပွဲ၊ အရှည်ကြာဆုံးရှုံးပွဲမရှိမှု၊ အရှည်ကြာဆုံးရှုံးပွဲဆိုတာပဲ ဖြစ်ပါတယ်။ အကြီးမားဆုံးနိုင်ပွဲ ပရီးမီးယားလိဂ်သမိုင်းမှာ သွင်းဂိုးအများဆုံးနဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ အကြီးမားဆုံးနိုင်ပွဲတစ်ပွဲရှိပါတယ်။ ဂိုးရလဒ် ကတော့ ၉-၀ ဂိုးပါ။ အဲဒီရလဒ်မျိုးလေးကြိမ်ဖြစ်ခဲ့ဖူးတယ်။ အဲဒီစံချိန်စရခဲ့တဲ့အသင်းက မန်ယူပါပဲ၊ မန်ယူဟာ၉-၀ ဂိုးရလဒ်နဲ့ တစ်ကြိမ်ထက်မက နိုင်ပွဲရဖူးပြီး ဆောက်သမ်တန်အသင်းကတော့ အဲဒီရလဒ်နဲ့တစ်ကြိမ်ထက်မက ရှုံး ခဲ့တဲ့အသင်းဖြစ်နေတာပါပဲ။ မန်ယူက အစ်ဆွစ်ချ်နဲ့ ဆောက်သမ်တန်ကို ကိုးဂိုးပြတ်နိုင်ခဲ့ဖူးသလို ဆောက်သမ်တန်ကလည်း အဲဒီရလဒ်အတိုင်း လက်စတာအသင်းကို ရှုံးခဲ့ပါတယ်။ ဒီရလဒ်ကို နောက်ဆုံးမြင်ခဲ့ရတဲ့ပွဲစဉ်ကတော့၂၀၂၂ခုနှစ်၊ ဩဂုတ်လတုန်းက လီဗာပူးက ဘုန်းမောက်ကို အနိုင်ယူခဲ့တာဖြစ်ပါတယ်။ ရှစ်ဂိုးပြတ်နဲ့နိုင်ပွဲရခဲ့တဲ့ပွဲရှစ်ပွဲလည်း ပရီးမီးယားလိဂ်သ မိုင်းမှာရှိခဲ့ဖူးတယ်။ အရှည်ကြာဆုံးရှုံးပွဲမရှိမှု ပရီးမီးယားလိဂ်သမိုင်း အရှည်ကြာဆုံးရှုံးပွဲမရှိတဲ့အသင်းကတော့ အာဆင်နယ်ရဲ့Invincibles ခေတ်က အသင်းပဲ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်၊ မေလကနေ ၂၀၀၄ ခုနှစ်အောက်တိုဘာအထိ ရှုံးပွဲမရှိတာ ၄၉ ပွဲတိတိပါပဲ။ ဒီစံချိန်ထဲ မှာ မမေ့နိုင်စရာ ၂၀၀၃-၀၄ ရာသီလိဂ်ဖလားကို အာဆင်နယ်ယူခဲ့တဲ့အောင်မြင်မှုလည်း ပါဝင်တယ်။ တစ်ရာသီလုံး ရှုံးပွဲမရှိတဲ့အသင်းအဖြစ် ပရီးမီးယားလိဂ်သမိုင်းမှာ တွင်ကျန်ရစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က အာဆင် နယ်ရဲ့ဒီစံချိန်ကို လီဗာပူးလိုက်မှီနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ၂၀၂၀၊ ဖေဖော်ဝါရီမှာ ဝက်ဖို့ဒ်ကို ၃-၀ဂိုးနဲ့ ရှုံးခဲ့ရပြီး လီဗာ ပူးဟာ ရှုံးပွဲမရှိ ၄၄ပွဲအထိသာ စံချိန်တင်နိုင်ခဲ့ရတယ်။ အရှည်ကြာဆုံးရှုံးပွဲ ဆန်းဒါးလန်းအသင်းပါပဲ။ ၂၀၀၃ ဇန်နဝါရီနဲ့ ၂၀၀၅ စက်တင်ဘာကြားကာလ ပရီးမီးယားလိဂ်ပွဲ ၂၀ဆက်တိုက် ရှုံးခဲ့တာပါပဲ။ အဲဒီရှုံးပွဲတွေထဲက ဆယ့်ငါးပွဲဟာ ၂၀၀၂-၀၃ရာသီရဲ့နောက်ဆုံးရာသီသိမ်းလတွေမှာ ဖြစ်ပါတယ်။ အဲဒီဆယ့်ငါးပွဲဆက်ရှုံးသွားလို့လည်း တန်းဆင်းသွားခဲ့ရတာ။ ၂၀၀၅-၀၆ ရာသီမှာ တန်းပြန်တက်လာတော့ ဆောက်သမ်တန်ဟာ ငါးပွဲဆက်ရှုံးပွဲကြုံခဲ့ပါသေးတယ်။ ဒီစံချိန်ကို လိုက်မှီဖို့ နီးစပ်ခဲ့တဲ့အသင်းက နောဝစ်ချ်။ ၂၀၂၀၊ မတ်လနဲ့ ၂၀၂၁ စက်တင်ဘာကာလကြား ၁၆ပွဲဆက် နောဝစ်ချ်တို့ ရှုံးခဲ့ဖူးတယ်။
© COPYRIGHTS 2024 by illuminati


























































































































