


အင်တာဗျူးအစီအစဉ်တစ်ခုမှာ ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာကြီး Elon Musk ရဲ့ ဖခင်ဖြစ်သူ Errol Musk က သူ့သားဖြစ်သူဟာ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်ကြီးဖြစ်တဲ့ လီဗာပူးအသင်းကို ဝယ်ယူချင်တဲ့ဆန္ဒရှိတယ်လို့ ထုတ်ပြောလိုက်ပါတယ်။ ဒီစကားကြောင့် လီဗာပူးအသင်းပိုင်ရှင်သစ်တွေဘက်ကလည်း ချက်ချင်းဆိုသလို အသင်းကို ရောင်းချဖို့ ရည်ရွယ်ချက်မရှိတဲ့အကြောင်း ပြန်တုံ့ပြန်ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် Elon Musk ဆီကနေ အသင်းအတွက် တရားဝင်ချဉ်းကပ်တာမျိုးတွေကို လက်ခံရရှိထားခြင်းလည်းမရှိ ဘူးလို့ လီဗာပူးပိုင်ရှင်တွေက ဆက်လက်ပြောဆိုပါတယ်။ Elon Musk ရဲ့အဖေက သူ့အင်တာဗျူးမှာ ‘ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော် မှတ်ချက်မပေးနိုင်ပါဘူး။ လီဗာပူးဘက်က စျေးတင်လိုက်ပါလိမ့်မယ်။ ဝယ်ချင်သလားလို့ မေးရင်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ သူ (Elon Musk) ဝယ်ဖို့ လုပ်နေတယ်လို့ မဆိုလိုပါဘူး။ သူဝယ်ချင်တဲ့ဆန္ဒရှိ တာပါ။ ဘယ်သူမဆို ဝယ်ချင်မှာပဲ။ ကျနော်လည်း ဒီအတိုင်းပဲ’ဆိုပြီး ပြောဆိုသွားခဲ့တာပါပဲ။ ပြီးခဲ့တဲ့နှစ်မေလတုန်းက လီဗာပူးအသင်းဟာ ကမ္ဘာ့တန်ဖိုးအကြီးဆုံးကလပ်အသင်းအဖြစ် စတုတ္ထမြောက်စာရင်း ဝင်ဖြစ်ခဲ့ပြီး ပေါင် ၄.၃ဘီလျံတန်ကြေးရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အဲဒီအသင်းရဲ့စုစုပေါင်းတန်ကြေးဟာ Elon Musk ရဲ့ကြွယ်၀မှုစုစုပေါင်းတန်ဖိုးရဲ့ ၁ရာခိုင်နှုန်းကျော်လောက်ပဲ ရှိတယ်လို့ သိရတယ်။ ဒီနောက်မှာ ဖခင်ဖြစ်သူ Errol Musk က လီဗာပူးအသင်းနဲ့ သူတို့မိသားစုမျိုးရိုးဆက်နွှယ်မှုရှိတဲ့အကြောင်းကိုလည်း ပြောပြသွားတယ်။ ‘သူ(Elon Musk) ရဲ့အဖွားဖြစ်သူက လီဗာပူးမှာ မွေးတာလေ။ လီဗာပူးမှာ ကျနော်တို့ ဆွေမျိုးတွေရှိပါတယ်။ ကျ နော့်မိသားစုဝင်အချို့လည်း လီဗာပူးမှာ ကြီးပြင်းခဲ့ကြသူတွေဆိုတော့ ကံကောင်းတာပေါ့။ ဒါကြောင့် လီဗာပူးနဲ့ ကျနော်တို့က ဆက်နွှယ်ပတ်သက်မှုရှိနေပါတယ်’ဆိုပြီး Errol Musk က ဆက်လက်ပြောဆိုသွားပါတယ်။
© COPYRIGHTS 2024 by illuminati


























































































































