


မန်ယူအသင်းနည်းပြ ရူဘင်အမိုရင် က အစ်ဆွစ်ချ်အသင်းကို ၃ - ၂ ဂိုးနဲ့ နိုင်ခဲ့တဲ့ပွဲ ပထမပိုင်းမှာ လူစားလဲခံရ လို့ အဝတ်လဲခန်းထဲ တမ်းဝင်သွားတဲ့ တောင်ပံကစားသမားဂါနာချိုနဲ့ စကားပြောရမယ်ဆိုပြီး ထုတ်ပြောလိုက်ပါ တယ်။ အမိုရင်ဟာ ပထမပိုင်းမပြီးခင် နှစ်မိနစ်အလိုမှာ ခံစစ်မှူး မက်ဇရောင်းအီနေရာကို အာဂျင်တီးနားလက်ရွေးစင်ဂါ နာချိုနဲ့ အစားထိုးလဲခဲ့တာဖြစ်ပါတယ်။ အဲဒီနေ့ကပွဲ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ မိုးသည်းကြီးမည်းကြီးရွာနေပါတယ်။ ဒီအတွက်ကြောင့်လည်း ဝတ်စုံလဲ ချင်လို့ ဂါနာချိုဟာ အရန်ခုံမှာမထိုင်ဘဲ အဝတ်လဲခန်းထဲ တမ်းဝင်သွားပုံရပါတယ်။ ဒုတိယပိုင်းမှာလည်း အဝတ် လဲခန်းထဲမှာပဲ သူဆက်ရှိ၊မရှိတော့ မသိရပါဘူး။ “အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဂါနာချိုနဲ့ ကျနော်စကားပြောမယ်”လို့ အမိုရင်က ဆိုပါတယ်။ ဒီဇင်ဘာမှာ အသက် ၂၀ တိုက်စစ်မှူးဂါနာချိုဟာ အယ်တီဟတ်ကွင်းကစားခဲ့တဲ့ မန်စီးတီးနဲ့ ဒါဘီပွဲကိုလည်း လူ စားထဲကနေ ထုတ်ခံခဲ့ရပါတယ်၊ သူနဲ့အတူ မားကပ်စ်ရက်ရှ်ဖို့ဒ်လည်း ပါတယ်။ လေ့ကျင့်ရေးမှာ စွမ်းဆောင် ရည်အားနည်းမှုနဲ့ စိတ်ဓာတ်ကြောင့်လို့လည်း သိရတယ်။ အဲဒီနောက်ပိုင်း မန်ယူအတွက် ကစားမပေးရတော့ဘဲ အခုတော့ အက်စ်တွန်ဗီလာမှာ အငှားကစားနေတဲ့ ရက်ရှ် ဖို့ဒ်နဲ့ မတူတာကတော့ ဂါနာချိုဟာ ပွဲထွက်စာရင်းထဲ ချက်ချင်းပြန်ဝင်လာခဲ့တာပါပဲ။ “ရက်ရှ်ဖို့ဒ်နဲ့ ခင်ဗျား ချိတ်ဆက်မှုလုပ်နေသလားပေါ့”ဟု ဗုဒ္ဓဟူးနေ့က အခြေအနေအပေါ် အကဲဖြတ်စိတ်နဲ့ အ မိုရင်ကပြောပါတယ်။ “ရာသီဥတုကတော့ အေးစက်စွတ်စိုနေခဲ့တာပေါ့”လို့လည်း ပြောပါတယ်။ အသင်းကစားသမား ပက်ထရစ်ဒိုကူအနီကတ်ထိသွားလို့ ဂါနာချိုကို လူစားလဲလိုက်တဲ့အမိုရင်ရဲ့ဆုံးဖြတ်ချက်က နည်းဗျူဟာအရပါ၊ အသင်းကို ခံစစ်ငါး ဦးနဲ့ မူလအတိုင်း ပြန်ပုံဖော်ကစားခွင့်ပြုခိုင်းလိုက်တဲ့သဘောလို့လည်း ကျွမ်းကျင်သူများက သုံးသပ်ကြတယ်။ ‘ကျနော်တို့ ၅-၃-၁နဲ့ကစားမယ့်လို့ တွေးခဲ့တာ။ ဒါက စွန့်စားလိုက်တာပဲ။ အကြောင်းက သူ(ဂါနာချို) တစ်ယောက် ချင်းယှဉ်ကစားနိုင်တဲ့သူလေ။ တစ်ယောက်ယောက်ကို ထုတ်ဖို့ ရွေးချယ်ခဲ့ရတယ်။ ဒါက ကျနော့်ရွေးချယ်မှုပါ”လို့ အမိုရင်က ဆက်လက်ရှင်းပြခဲ့တယ်။ ++++++++++++++++++++++++++++++++ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ဘောလုံးအားကစား ဝါသနာပါသူတိုင်းအတွက် ပွဲရလဒ်တွေကို ပေါ့ပေါ့ပါးပါးခန့်မှန်းရင်း ပျော်ပျော်ပါးပါး ကြည့်လို့ရအောင် ကျွန်တော်တို့ရဲ့ Pieces Sport မှာ ပါဝင်ဆင်နွှဲလို့ရနေပြီဖြစ်ကြောင်း အသိပေးပါရစေ။ ပျော်ပျော်ကြီး ခန့်မှန်းဖို့ >>>> ps.piecesball.com အပတ်စဉ် ဘောလုံးပွဲတွေကိုခန့်မှန်းရင်း ၁သိန်းတန် ဆုကြေးကြီးကို အပိုင်ရယူနိုင်ပါစေ။ #piecessport
© COPYRIGHTS 2024 by illuminati


























































































































