


စပိန်အသင်းက ဒိန်းမတ်အသင်းကို (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ စပိန်အတွက်ပါဝင်ကစားပေးခဲ့တဲ့ ဘာစီလိုနာကစားသမားလေး Lamine Yamal ဟာ ဒဏ်ရာရခဲ့ပြီးတော့ ပုံမှန်လမ်းလျှောက်ဖို့ ခက်ခဲနေတဲ့အနေအထားနဲ့ ကွင်းထဲကနေ ထွက်သွားခဲ့ရပါတယ်။ Yamal ရဲ့ မိခင်ကလပ်အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းဖက်ကလဲ Yamalရဲ့ ကြံ့ခိုင်မှူအနေအထားအတွက် အထူးစိုးရိမ်ပူပန်နေပြီး စပိန်အသင်းရဲ့ တာဝန်ရှိဆေးအဖွဲ့ထံကို အစီရင်ခံစာတောင်းခံထားပြီး အရေးပေါ်တွေ့ဆုံခွင့်ပါ တောင်းထားတယ်လို့လဲ သိရပါတယ်။ Yamal ဟာ ပွဲချိန်စုစုပေါင်း (၉၇)မိနစ်ရှိခဲ့တဲ့ အဆိုပါပွဲမှာ ပွဲကစားချိန်(၉၃)မိနစ်အထိ ကွင်းထဲရှိနေခဲ့ပေမဲ့ ပွဲအတွင်းမှာ လျှောထိုးဖြတ်ထုတ်မှုတွေနဲ့ ကြမ်းတမ်းတဲ့ ခံစစ်ကစားပုံတွေကြောင့် ပွဲမပြီးခင်မှာပဲ မသက်သာတဲ့အနေအထားနဲ့ ထွက်သွားခဲ့ရတာလဲဖြစ်ပါတယ်။ စပိန်အသင်းနည်းပြ Luis de la Fuente ကတော့ Yamal ဟာ ဒဏ်ရာပြဿနာမရှိပဲ ကြွက်သားနာကျင်မှုကိုသာ ခံစားခဲ့ရတာဖြစ်ကြောင်း ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ဖြေကြားထားပေမဲ့ နောက်ဆက်တွဲ ဆေးစစ်မှူတွေ ဆက်လုပ်မလုပ်ကိုတော့ မပြောသွားခဲ့ပါဘူး။ အသက်(၁၇)နှစ်ရှိပြီဖြစ်တဲ့ Yamal ဟာ ဘာစီလိုနာအသင်းမှာလဲ အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေတာကြောင့် အသင်းပရိသတ်တွေကလဲ Yamal ရဲ့အခြေအနေအပေါ် အထူးစိုးရိမ်ပူပန်နေကြတယ်လို့လဲ သိရပါတယ်။
© COPYRIGHTS 2024 by illuminati


























































































































