


Opta’s super-computer ဆိုတာ အချက်အလက်တွေကို အဓိကအခြေခံပြီး ဖြစ်နိုင်ခြေရလဒ်တွေကို တွက်ချက် ထုတ်ပြရာမှာ ဩချလောက်ရတဲ့ အယ်လ်ဂိုရီသမ်တစ်မျိုးပါပဲ။ ဒီလုပ်နည်းစနစ်ကနေ ခန့်မှန်းတွက်ချက်ပြရာမှာ ရာခိုင်နှုန်းအတော်များများတော့ တိကျတဲ့အဖြေထွက်တတ်ကြပါတယ်။ အခုလည်း ဒီနှစ်ချန်ပီယံလိဂ်နဲ့ပတ်သက် ပြီး Opta’s super-computer ကနေ တွက်ချက်ထုတ်ပြထားတဲ့ခန့်မှန်းရလဒ်တစ်ခုရှိပါတယ်။ အများသိတဲ့အတိုင်း ဒီနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲကျင်းပမှုပုံစံဟာ အရင့်အရင်နှစ်တွေကနဲ့မတူ လုံး၀ကွဲပြားသွားပြီ။ လေးသင်းတစ်အုပ်စုနဲ့ စုစုပေါင်း ရှစ်အုပ်စုမျိုးမဟုတ်တော့ပါဘူး။ စုစုပေါင်းပြိုင်ပွဲဝင်အသင်း ၃၆သင်းရှိပြီး ရှစ်ပွဲ ကစားရကာ လေးပွဲစီကစားထားပြီးဖြစ်ပါတယ်။ ထိပ်ဆုံးရှစ်သင်းနေရာဝင်တဲ့အသင်းတွေက ၁၆သင်းရှုံးထွက်အ ဆင့်ကို တိုက်ရိုက်ဝင်ခွင့်ရမှာဖြစ်သလို၊ အဆင့်ကိုးကနေ ၂၄ဝင်အသင်းတွေကတော့ နောက်ထပ် play-off အဆင့် ကို ထပ်ကျော်ဖြတ်ကစားရဦးမှာပါ။ သဘောကတော့ အောက်ဆုံး ၁၂သင်းက ပြိုင်ပွဲကနေ ထွက်သွားရမယ့်အဓိ ပ္ပာယ်ပဲဖြစ်ပါတယ်။ ဒီတော့ ထိပ်ဆုံးရှစ်သင်းအဆင့်ဝင်အသင်းတွေနဲ့ပတ်သက်ပြီး ဘယ်အသင်းတွေဝင်လာမလဲ ဆိုတာ စိတ်ဝင်စားစရာဖြစ်နေတယ်။ Opta ကတော့ရှင်းတယ်။ တိုက်ရိုက် ၁၆သင်းအဆင့်တန်းဝင်မယ့်အသင်းတွေကို တွက်ချက်ထုတ်ဖော်ပြသလိုက် ပါတယ်။ သူ့အလိုအရတော့ လီဗာပူးက ထိပ်ဆုံးမှာဖြစ်မယ်တဲ့၊ နည်းပြအန်းဆလော့တ်ရဲ့အသင်းဟာ အခုချိန်ထိ ကစားခဲ့တဲ့လေးပွဲစလုံးအနိုင်ရထားပါတယ်။ လီဗာပူးအများဆုံးရဖွယ်ရှိတဲ့စုစုပေါင်းအမှတ်က ၁၉မှတ်ပေါ့၊ ဒါပေမဲ့ စူပါကွန်ပြူတာကတော့ ရှစ်ပွဲစလုံးနိုင်ဖို့ အခွင့်အရေးလီဗာပူးမှာ ၁၀.၇ ရာခိုင်နှုန်းပဲရှိတယ်လို့ ပေးထားတယ်။ သူ့နောက်မှာ ဒုတိယနေရာလိုက်မှာက အင်တာမီလန်၊ စတုတ္ထလိုက်မှာက ဘာစီလိုနာ၊ ဒေါ့မွန်က ပဉ္စမ၊ မန်စီးတီး က ခြောက်နေရာဆိုပြီး စူပါကွန်ပြူတာက တွက်ချက်လိုက်ပါတယ်။ အဲဒီလေးသင်းစလုံးဟာ မနှစ်ကပြိုင်ပွဲတုန်း ကလည်း ချန်ပီယံလိဂ်နောက်တစ်ဆင့်ကို တက်ထားဖူးပြီးသားတွေပါ။ ထူးခြားတာက မန်စီးတီးကို ၄-၁ဂိုးနဲ့နိုင်ခဲ့ တဲ့ စပို့တင်းလစ္စဘွန်းကို opta က အဆင့်သုံးရပ်တည်မယ်လို့ တွက်ချက်လိုက်တာပါပဲ။ ဒီအသင်းတွေနဲ့အတူထိပ် ဆုံးရှစ်သင်းထဲ ယူရိုပါလိဂ်ချန်ပီယံအတ္တလန္တာလည်းပါဝင်သလို မိုနာကိုကလည်း တိုက်ရိုက်တက်မယ့်အသင်းထဲ ပါဝင်တယ်လို့ opta ကြီးက တွက်ချက်ပေးထားတာဖြစ်တော့ ဆက်လက်ပြီးစိတ်ဝင်တစားစောင့်ကြည့်ရတော့မှာ ဖြစ်ပါကြောင်း . . .
© COPYRIGHTS 2024 by illuminati


























































































































