


Michael Chandler က Paddy Pimblett ကို အလဲထိုးနိုင်မယ်လို့ Conor McGregor လောင်းထားတယ်။ ဒေါ်လာ (၅) သိန်းလောင်းတာပါ။ အလဲထိုးနိုင်ရင် ဒေါ်လာ (၂) သန်းခွဲရမယ်။ (၅) ဆရမယ်။ ဒါပေမယ့် Michael Chandler ရှုံးတာမို့ Conor McGregor ရဲ့ ပိုက်ဆံတွေလည်း ပလုံသွားပါတယ်။ ပြောချင်တာက အနိုင်အရှုံးမဟုတ်ဘူး။ လောင်းတဲ့ပြဿနာ။ Conor McGregor က လောင်းကစားဝါသနာပါတယ်။ လောင်းရင်လည်း လက်ကြီးတယ်။ ဒေါ်လာသိန်းဂဏန်းလောင်းတာပါ။ Israel Adesanya လည်း ဘောက်ဆင်ပွဲလောင်းဖူးပေမယ့် ဒေါ်လာသောင်းဂဏန်းပါပဲ။ အရင်တုန်းက Conor McGregor ဟာ ဘောလုံးပွဲတွေ ပတ်လောင်းလိုက်တာ ဒေါ်လာသန်းချီနိုင်ဖူးတယ်။ Nate Diaz နဲ့ Jorge Masvidal ဘောက်ဆင်ပွဲကိုလည်း လောင်းခဲ့တာပဲ။ Conor McGregor က ဒေါ်လာသန်းချီနိုင်သေးတယ်။ လောင်းတာက ပြဿနာမဟုတ်ပေမယ့် UFC ပွဲတွေ လောင်းတာက ပြဿနာရှိတယ်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ UFC အဖွဲ့အစည်းက စည်းမျဉ်းသစ် ပြဌာန်းခဲ့တယ်။ ကစားသမား၊ နည်းပြ၊ မန်နေဂျာ၊ လေ့ကျင့်ဖော်နဲ့ တခြားသက်ဆိုင်သူတွေက UFC ပွဲတွေကို လောင်းခွင့်မရှိဘူးတဲ့။ လောင်းရင် UFC အဖွဲ့အစည်းက ထုတ်ပယ်မယ်တဲ့။ အရင်တုန်းဆိုရင် ကစားသမားတွေက သူများပွဲကို လောင်းခွင့်ရှိသေးတယ်။ အခုစည်းမျဉ်းသစ်က ဘာမှလုပ်လို့ မရတာပါ။ ဒါက အကြောင်းရှိလို့ပါ။ နည်းပြ James Krause နဲ့ Darrick Minner တို့က ပြိုင်ဘက် Shayilan Nuerdanbieke ကို လောင်းထားတယ်။ ပွဲထိုးတော့ Darrick Minner က Shayilan Nuerdanbieke ကို တမင်အရှုံးပေးတယ်။ ပွဲရှုံးပေမယ့် လောင်းကြေးနိုင်တယ်။ ထိုးကြေးထက် လောင်းကြေးက ပိုများနေတော့ အေးဆေးပါပဲ။ အဲဒါကို UFC အဖွဲ့အစည်းက သိသွားပြီး နည်းပြ James Krause နဲ့ Darrick Minner တို့ကို မောင်းထုတ်လိုက်တယ်။ အခုလိုဆက်စပ်ရေးနေတာ အကြောင်းရှိလို့ပါ။ အရင်တုန်းကဆိုရင် Conor McGregor ဘယ်တော့ပြန်ထိုးမလဲဆိုပြီး သတင်းထောက်တွေက Dana White ကို မေးကြတယ်။ Dana White ကလည်း မယုတ်မလွန်ပြန်ဖြေတယ်။ နောက်ပိုင်းမှာ Comeback Fight အကြောင်း မပြောတော့ပါဘူး။ Conor McGregor ကလည်း ဘာအသံမှ မထွက်တော့ဘူး။ အိုင်ယာလန်သမ္မတရွေးကောက်ပွဲမှာ ဝင်ပြိုင်ဦးမတဲ့။ UFC ကစားသမားက UFC ပွဲတွေ လောင်းခွင့်မရှိဘူးဆိုရင် Conor McGregor က ဘာလို့လောင်းသလဲ။ ကျွန်တော်နားလည်ထားတဲ့ အဖြေက ရှင်းပါတယ်။ အိုင်ယာလန်သူဌေးက UFC Roster ထဲမှာရော ရှိသေးရဲ့လား။ စာချုပ်ဖျက်သိမ်းသွားပြီလား။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - Ariel Helwani Photo Credit - The White House ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati






















































































