


ဒီနေ့ညမှာ ချန်ပီယံလိဂ်ပွဲစဉ်တွေ ကစားဖို့ရှိပါတယ်။ Pieces sports ပရိသတ်များအတွက် အကျိုးအမြတ်ပြုနိုင် မယ့် ပွဲစဉ်တချို့ကို သုံးသပ်ခန့်မှန်းပေးလိုက်ပါတယ်။ ကလပ်ဘရု vs အတ္တလန္တာ (အဝေး =၃၀/၂-၈၀) ကလပ်ဘရုရဲ့ပြဿနာက တိုက်စစ်ပိုင်းမကောင်းတာပဲ။ နောက်ဆုံးခြောက်ပွဲမှာငါးဂိုးပဲသွင်းနိုင်တယ်။ တစ်ဖက် က အတ္တလန္တာကတော့ နောက်ဆုံးသုံးပွဲမှာ ခံစစ်ကနှစ်ဂိုးပဲပေးရတဲ့အထိမာထားတယ်။ ဒီနေ့ပွဲစဉ်မှာလည်း ဂိုး တွေမြူးလာနိုင်ဖွယ်မရှိဘူး။ ဂိုးအောက်ကြေးအောင်နိုင်ခြေပိုများနေတယ်။ ဂိုးအောက်ကောင်းပါတယ်။ ဆဲလ်တစ် vs ဘိုင်ယန်မြူးနစ် (အဝေး ၁-၈၀/၃-၅၀) ဘိုင်ယန်ကိုတော့ အားလုံးက ဖေးဘရိတ်အသင်းရယ်လို့ ရည်မှန်းထားကြတယ်။ ဒါပေမဲ့ ဘိုင်ယန်ဟာ ဥရောပပွဲ အဝေးကွင်းခြေစွမ်းပိုင်းရုန်းကန်ရတယ်။ ကွန်ပနီရဲ့အသင်းဟာ ချန်ပီယံလိဂ်နောက်ဆုံးခုနှစ်ပွဲမှာ တစ်ပွဲပဲနိုင်ပြီး ငါးပွဲရှုံးထားတယ်။ တစ်ဖက်က ဆဲလ်တစ်ကတော့ ဂိုးတွေသွင်းနေတဲ့အသင်း၊ စကော့တလန်ပရီးမီးယားလိဂ်မှာ တင်မကဘူး၊ ဥရောပမှာလည်းသွင်းတယ်။ တစ်ပွဲအနည်းဆုံးနှစ်ဂိုးသွင်းထားတယ်။ သူ့အိမ်ကွင်း ဂိုးမသွင်းနိုင်တဲ့ နောက်ဆုံးအကြိမ်က ၂၀၂၃ ဒီဇင်ဘာမှာပဲရှိခဲ့တာ။ ဆိုတော့ ဘိုင်ယန်တိုက်စစ်အားသာမှုရယ်၊ ဆဲလ်တစ်ဂိုးသွင်း ခြေမြူးလေ့ရှိတာပေါင်းရင် အခုပွဲဂိုးအပေါ်နေသင့်ပါတယ်။ ဖီယင်နု vs အေစီမီလန် (အဝေး =၇၀/၃+၅၀) ဂိုးတွေမြူးလာနိုင်ဦးမယ့်ပွဲပဲ။ ချန်ပီယံလိဂ်မှာ ဖီယင်နုတိုုက်စစ်အလုပ်ဖြစ်နေပြီး ကစားခဲ့တဲ့ဆယ်ပွဲစလုံးမှာ သွင်းဂိုးတွေက အနည်းဆုံးသုံးဂိုးရှိတာ၊ ဂိုးရဖို့အိပ်မက်ဟာ ဖီယင်နုအိပ်မက်ပဲ၊ အဲဒီပွဲထဲရှစ်ပွဲလောက်က နှစ် ဖက်အပြန်အလှန်သွင်းဂိုးတွေမြင်ရတယ်။ လွန်ခဲ့တဲ့၁၁နှစ်ကျော်အတွင်း ကစားခဲ့တဲ့ ချန်ပီယ့လိဂ်၁၁ပွဲမှာ သုံးဂိုး မမြင်ရတဲ့ပွဲဆိုလို့ ၁ပွဲသာရှိတဲ့အထိ ဖီယင်နုပွဲစဉ်တွေက ဂိုးမြူးတာ။ ဒါ့အပြင် ဖီယင်နုအိမ်ကွင်းနောက်ဆုံးကိုးပွဲ မှာရှစ်ပွဲက ဂိုးအပေါ်အောင်မြင်ထားတယ်၊ နှစ်ဖက်အပြန်အလှန်သွင်းဂိုး ခြောက်ပွဲရှိခဲ့တယ်။ မီလန်ကလည်း လေးပွဲဆက်နိုင်ပြီး ယုံကြည်မှုမြင့်မားနေချိန်၊ မီလန်ပွဲတွေက အထူးသဖြင့် ချန်ပီယံလိဂ်မှာ နောက်ဆုံးခြောက်ပွဲ ငါးပွဲက ဂိုးအပေါ်ချည်းအောင်ထားတာ။ ဒီပြိုင်ပွဲအဝေးကွင်းနောက်ဆုံးငါးပွဲမှာလည်း မီလန်က လေးပွဲဂိုးအပေါ် အောင်ထားတယ်။ ဒီနေ့ပွဲမှာလည်း အဲဒီလိုအကျိုးအမြတ်မျိုးအတိုင်းမြင်ရနိုင်တယ်။ ဂိုးအပေါ်ကောင်းပါတယ်။ မိုနာကို vs ဘင်ဖီကာ (အိမ် =၃၀/၃+၂၀) ချန်ပီယံလိဂ်မှာ ဘင်ဖီကာက တစ်ပွဲ သွင်းဂိုး၂.၀၊ မိုနာကိုက တစ်ပွဲသွင်းဂိုး ၁.၆ နှုန်းထားတွေပိုင်ဆိုင်ထားကြ တယ်။ ဒီရာသီတိုက်စစ်ပိုင်းမှာ အများချီးကျူးရတဲ့နှစ်သင်းတွေ့တာပါပဲ။ မိုနာကိုက အိမ်ကွင်းနောက်ဆုံးသုံးပွဲ မှာသွင်းဂိုးရှစ်ဂိုးရှိထားပြီး ခုနှစ်ဂိုးက အော်ဇေး၊ ရန်းနက်စ်တို့နဲ့ပွဲတွေမှာသွင်းတာ။ ဘင်ဖီကာကလည်း နောက်ဆုံး သုံးပွဲစလုံးရှစ်ဂိုးသွင်းထားတယ်။ နှစ်သင်းတိုက်စစ်ဖွင့်ကစားမှာမို့ အခုပွဲလည်း ဂိုးအပေါ်နေသင့်ပါတယ်။
© COPYRIGHTS 2024 by illuminati


























































































































