


ကမ္ဘာကျော် အေအိုင်နည်းပညာတစ်ခုဖြစ်တဲ့ ChatGPT ကနေ လာဇီယိုအသင်းဟာ စီးရီးအေဖလား မရရှိဘဲ နောက်နှစ် ၂၀ လောက်ကြာအထိဆက်သွားရလိမ့်မယ်ဆိုပြီး ခန့်မှန်းလိုက်ပါတယ်။ အင်တာမီလန်နဲ့ ဂျူဗင်တပ် အသင်းတို့ကိုတော့ နောက်နှစ် ၂၀ ကျော်မှာ တစ်သင်းကို စီးရီးအေဖလား လေးကြိမ်စီ ရရှိမယ်လို့လည်း အဲဒီ ChatGPT ကနေ ဆက်လက်ခန့်မှန်းချက်ထုတ်ထားပါတယ်။ တစ်ဖက်မှာ အေစီမီလန်အသင်းနဲ့ နာပိုလီအသင်းတို့ကိုတော့ ဖလားသုံးကြိမ်စီ၊ အတ္တလန္တာနဲ့ ရိုးမားအသင်းတို့ကို ဖလား နှစ်ကြိမ်စီ၊ ဘိုလော့ဂ်နာနဲ့ တိုရီနိုအသင်းတို့ကိုတော့ ဖလားတစ်ကြိမ်စီရရှိမယ်လို့လည်း ခန့်မှန်းထုတ်ပြန် ထားပါတယ်။ လက်ရှိမှာ လာဇီယိုအသင်းဟာ လက်ရှိမှာတော့ အမှတ်ပေးဇယား အဆင့် ငါးနေရာမှာရပ်တည်နေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့အိမ်ကွင်းပွဲစဉ်မှာလာဇီယိုဟာ နာပိုလီအသင်းနဲ့ နှစ်ဂိုးစီသရေကျခဲ့ပါတယ်။ လာဇီယိုဟာ နောက်ဆုံးကစားခဲ့တဲ့ငါးပွဲမှာ သုံးပွဲနိုင်ပြီး တစ်ပွဲသရေ၊ တစ်ပွဲရှုံးထားပါတယ်။ လက်ရှိမှာ နာပိုလီအသင်းကတော့ ဇယားထိပ်ဆုံးမှာ ၅၆ မှတ်နဲ့ စီးရီးအေကို ဦးဆောင်နေပါတယ်။
© COPYRIGHTS 2024 by illuminati


























































































































