


ယနေ့ညမှာလည်း ပရီးမီးယားလိဂ်ပွဲစဉ်လေးပွဲကစားဖို့ရှိတာမို့ ပွဲကြိုခန့်မှန်းချက်လေးတွေကို အနှစ်ချုပ် ရွေး ချယ်ပေးလိုက်ပါတယ်။ နယူးကာဆယ် vs ၀ုဗ် အလက်ဇန္ဒာအိုင်ဆက်၊ အန်သိုနီ ဂေါ်ဒွန်နဲ့ ယာကော့မာဖီတို့ရှိနေတဲ့ ကာဆယ်ရဲ့သုံးဦးတိုက်စစ်ဟာ ဒီရာသီမှာဂိုး ပေါက်တွေ့နေကြပါတယ်။ ဒီသုံးယောက်ပေါင်း ပရီးမီးယားလိဂ်သွင်းဂိုးက ၃၆ဂိုးရှိထားတယ်။ အနည်းဆုံး အိမ် ကွင်းနောက်ဆုံးလေးပွဲစလုံးမှာ နယူးကာဆယ်က သုံးဂိုးလောက်သွင်းတဲ့တိုက်စစ်အားကိုပြထားတယ်။ တစ်ဖက် က ၀ုဗ်ကလည်း ခုချိန်မှာ ကစားအားကောင်းနေပြီး အဝေးကွင်းနောက်ဆုံးလေးပွဲစလုံးဂိုးသွင်းထားသလို၊ နောက် ဆုံးသုံးပွဲမှာ ၂ဂိုးအထက်တွေချည်းသွင်းထားတာမို့ ဂိုးမြူးသွားနိုင်တယ်။ နယူးကာဆယ်နဲ့ ဂိုးအပေါ်စုံအားပေး လို့ကောင်းမယ့်ပွဲပါပဲ။ အဲဗာတန် vs အက်စ်တွန်ဗီလာ အဲဗာတန်က ခြေစွမ်းအားနည်းနေတဲ့အတွက် နည်းပြအပြောင်းအလဲကို အလျှင်အမြန်လုပ်ခဲ့ရတယ်။ ဒါဟာ အသင်းအတွက် အားတက်စရာဖြစ်လာနိုင်တဲ့တစ်ခုတည်းသောအကြောင်းတစ်ခုပေါ့။ အနည်းဆုံး ရေတိုကာ လအတွက်ပါ။ အိမ်ကွင်းမှာလည်း အဲဗာတန်ဟာ အဆိုးဆုံးတော့မဟုတ်သေးပါဘူး၊ နောက်ဆုံးရှစ်ပွဲမှာ တစ်ပွဲ ပဲရှုံးထားတာဆိုတော့။ တစ်ဖက်မှာ အက်စ်တွန်ဗီလာကတော့ အဝေးကွင်းခြေစွမ်းညံ့နေပြီး နောက်ဆုံးခုနှစ်ပွဲမှာ ခြောက်ပွဲစလုံးရှုံးနိမ့်ထားတယ်၊ ခံစစ်ကလည်း ၁၇ ဂိုးပေးထားရလို့ တစ်ပွဲပျမ်းမျှ ၂.၄၃ဂိုးဖြစ်နေတာ။ ဒီအချက် တွေအားလုံးကို ထည့်တွက်မယ်၊ ဗီလာရဲ့အဝေးကွင်းခြေယုံမရတာရယ်ပေါင်းရင် အိမ်ရှင်အဲဗာတန်ဘက်ကို အား ပေးသင့်ပါတယ်။ လက်စတာ vs ခရစ္စတယ်ပဲလေ့စ် ဒီရာသီပ-အကျော့တုန်းက လက်စတာနဲ့ ပဲလေ့စ်ဟာ နှစ်ဂိုးစီသရေကျခဲ့ပြီး ပရိသတ်တွေကြည့်ရတာ မြိုင်ဆိုင် ခဲ့ပါတယ်။ ဒီနေ့မှာလည်း အဲဒီလိုမြိုင်ဆိုင်မှုမျိုးပြန်မြင်ရနိုင်တယ်။ လက်စတာရဲ့ခံစစ်ကလည်း အတော်ဆိုးရွား နေချိန်ပါ။ ဒီနှစ်သင်း နောက်ဆုံးခုနှစ်ကြိမ်မှာ ခြောက်ကြိမ်စလုံးက ဂိုးတွေ အပြန်အလှန်မြူးကြတယ်။ ဒီရာသီ နှစ်သင်းစလုံးရဲ့ခံစစ်အားနည်းမှုတွေကို ထောက်ရှုရင် အနည်းဆုံးတစ်ဖက်ကို တစ်ဂိုးစီရဖို့ကတော့ သေချာသ လောက်ရှိနေတာမို့ အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးမြူးသွားနိုင်ပါတယ်။ အာဆင်နယ် vs စပါး အာဆင်နယ်က သုံးပွဲဆက်နိုင်ပွဲပျောက်နေပြီး တိုက်စစ်မှူးဒဏ်ရာပြဿနာတွေရဲ့ထိုးနှက်ချက်ကို ခံနေရတယ်။ ဒီနှစ် ဘရိုက်တန်သရေကျပြီးနောက် အာဆင်နယ်ဟာ နှစ်သစ်ကူးနေ့ဘရန့်ဖို့ဒ်ကို ၃-၁ နဲ့နိုင်ပြီးနောက်နိုင်ပွဲမရ သေးပါဘူး။ နောက်ပြီး အမ်းမရိတ်ကွင်းနောက်ဆုံးငါးပွဲမှာ သုံးပွဲနိုင်ပွဲမရသေးတာကလည်း စိုးရိမ်စရာ။ နိုင်ခဲ့တဲ့ ပွဲဆိုလို့ ခရစ္စတယ်ပဲလေ့စ်(၃-၂)၊ အစ်ဆွစ်ချ် (၁-၀) တို့နဲ့ခက်ခက်ခဲခဲကစားပြီးနိုင်ခဲ့ရတာပါပဲ။ ပြီးခဲ့တဲ့သီတင်း ပတ်တွေမှာ ပေးဂိုးမဲ့ပွဲမရတာကလည်း အာဆင်နယ်အတွက် ပြဿနာတစ်ခုပဲ။ နောက်ဆုံးခုနှစ်ပွဲမှာ အာဆင်နယ် ခံစစ်ဟာ အနည်းဆုံးတစ်ဂိုးပေးရတာ ခြောက်ပွဲရှိတယ်။ စပါးကလည်း ဒဏ်ရာပြဿနာတက်နေပြီး လီဗာပူးကို လိဂ်ဖလားမှာ ၁-၀နဲ့နိုင်ပြီးကတည်းက လေးပွဲဆက်နိုင်ပွဲမရသေးဘဲ အဆိုးရွားဆုံးကာလကို ဖြတ်သန်းနေရ တယ်။ ဒီပွဲက အထိနာနှစ်သင်းဆုံကြတာမို့ စိတ်ဝင်စားစရာပါ။ စပါးဟာ အဝေးကွင်းခြေစွမ်းမငြိမ်ဘူး၊ လိဂ်အ ဝေးကွင်းနောက်ဆုံးရှစ်ပွဲမှာ ငါးပွဲရှုံးထားတယ်၊ ဒါပေမဲ့ မန်ယူ(၃-၀)၊ မန်စီးတီး (၄-၀)၊ ဆောက်သမ်တန် (၅-၀) ဆိုပြီး ဂိုးမြူးပြီးနိုင်ထားတာတော့ရှိနေတယ်။ မကြာသေးခင်သီတင်းပတ်တွေ့ ဒီနှစ်သင်းစလုံး ခံစစ်ပေါက်ပြီးဂိုး တွေမြူးကြတာမျိုး အခုလည်း ပြန်မြင်င်္ရနိုင်တာမို့ ဂိုးအပေါ်ပဲကောင်းပါတယ်။
© COPYRIGHTS 2024 by illuminati


























































































































