


~~~~~~~~~~~~~~~~~~~~~~~~~~ ဒီနေ့မှာ ပရိသတ်တွေစိတ်ဝင်စားမှုအမြင့်ဆုံး ချန်ပီယံလိဂ်နှစ်ပွဲရှိနေပါတယ်။ လီဗာပူးနဲ့ လေဗာကူဆင်၊ ပြီးတော့ ရီးယဲလ်မက်ဒရစ်နဲ့ အေစီမီလန်အသင်းတို့ပါပဲ။ ပထမဆုံး လီဗာပူးနဲ့ လေဗာကူဆင်ပွဲကို သုံးသပ်ပေးရရင်တော့ လီဗာပူးဟာ ဂျာဂန်ကလော့ပ်မရှိတော့ပေမယ့် ဘယ်အင်္ဂလိပ်အကောင်းဆုံးကလပ်တွေကမှ သူ့ကိုမကျော်နိုင်သေး ပါဘူး။ လက်ရှိပရီးယားလိဂ်မှာလည်း မန်စီးတီးကို နှစ်မှတ်ဖြတ်ထားတယ်၊ နည်းပြသစ်အန်းဆလော့တ်ရဲ့အသင်း ဟာ ခြေစွမ်းပုံစံအကောင်းဆုံးရနေချိန်ပါ။ အိမ်ကွင်းမှာ ဘရိုက်တန်ကို နောက်ဆုံး ၂-၁နဲ့ နိုင်ခဲ့တာမို့ နောက်ထပ် အိမ်ကွင်းနိုင်ပွဲကို အခုပွဲစဉ်မှာ ပြန်ရှာလာနိုင်တယ်။ လေဗာကူဆင်ကလည်း ဒီရာသီခြေစွမ်းကောင်းနေတယ်။ ဒါပေမဲ့မနှစ်ကလိုခြေစွမ်းမျိုးပြန်ရဖို့ ရုန်းကန်နေရတာတွေ့ရတယ်။ ဂျာမန်လိဂ်မှာလည်း အဆင့်လေးရပ်တည်နေ ပြီး အိမ်ကွင်းနောက်ဆုံးပွဲစဉ်မှာတောင် စတုဂတ်ကို ဂိုးမရှိသရေသာကစားနိုင်ခဲ့တာပါ။ ဒါကြောင့် အန်ဖီးလ်ကွင်း ငါးပွဲဆက်နိုင်ပွဲရထားတဲ့လီဗာပူးအနေနဲ့ အဝေးကွင်းသုံးပွဲနိုင်ပွဲမရသေးတဲ့ လေဗာကူဆင်ကို အနိုင်ယူသွားမယ့်ပွဲ လို့မြင်ပါတယ်။ နောက်ထပ်ပွဲစဉ်ကတော့ ဘာနေဗျူးမှာ ရီးယဲလ်မက်ဒရစ်နဲ့ အေစီမီလန်တို့ပွဲစဉ်ပါပဲ။ ရီးယဲလ်ဟာ စပိန်မှာ သဘာ၀ကပ်ဘေးဖြစ်တဲ့ရေကြီးမှုကြောင့် ပြည်တွင်းလိဂ်ပွဲမကစားခဲ့ရတော့ အခုဥရောပပွဲစဉ်အတွက် အပြည့် အ၀ပြင်ဆင်ခွင့်ရခဲ့တယ်။ အခုချိန်ထိ ချန်ပီယံလိဂ်မှာရနိုင်ခြေကိုးမှတ်ထဲက ခြောက်မှတ်ထားပြီးဖြစ်လို့ အမှတ်ပိုရ အောင် ရီးယဲလ်တို့ ရည်ရွယ်နေပါတယ်။ တစ်ဖက်မှာ ဆန့်ကျင်ဘက် အေစီမီလန်ကတော့ ချန်ပီယံလိဂ်ဖလားရဖူး တဲ့မှတ်တမ်းမှာ ရီးယဲလ်နောက်မှာသာ ရပ်တည်နေတဲ့အသင်းပါ။ ခုနှစ်ကြိမ်ရထားပြီး နောက်ဆုံးရတဲ့နှစ်က လီဗာပူးကို အေသင်မှာ ၂-၁နဲ့နိုင်ခဲ့တဲ့ ၂၀၀၆-၀၇ ကပါပဲ။ ဒီနောက်ပိုင်း မီလန်ရဲ့ရွှေခေတ်တို့ တဖြည်းဖြည်း မှေးမှိန်လာခဲ့တောတာ့ပါပဲ။ ပြီးရင်ဒီရာသီအဝေးကွင်းရလဒ်လည်း မကောင်း ဘူး။ ခြောက်ပွဲတောင်ရှုံး နိမ့်ထားတဲ့အသင်းဖြစ်နေတယ်။ ဘာနေဗျူးကွင်းကိုသွားကစားခဲ့ဖူးတဲ့ ခုနှစ်ပွဲမှာငါးပွဲအရှုံးနဲ့လှည့်ပြန်ထားခဲ့ရ တာမို့အခုလည်း အေစီမီလန်အတွက် ရုန်းကန်ရနိုင်တဲ့ပွဲဖြစ်လာမယ်လို့ ယူဆမိတယ်။ ဒီလို မီလန်အသင်း ရဲ့အားနည်းချက်ကို ရီးယဲလ်အပြည့်အ၀အခွင့်အရေးယူလာနိုင်တဲ့အတွက် ရီးယဲလ်နိုင်သွားမယ်လို့ ယူဆရပါကြောင်း . . .
© COPYRIGHTS 2024 by illuminati


























































































































