


တစ်ချိန်က မန်ယူအသင်းအားထားခဲ့ရဖူးသူ ပေါင် ၈၆ သန်းတန် Antonyဟာ အိုးလ်ထရက်ဖို့ဒ်ကို စွန့်ခွာဖို့ နီးစပ် လာနေပြီလို့ သိရပါတယ်။ ဘရာဇီးသား Antonyဟာ စပိန်လာလီဂါမှာ အဆင့် ၁၁ ရပ်တည်နေတဲ့ ရီးယဲလ်ဘက် တစ်အသင်းထံ ပြောင်းဖို့ နီးစပ်လာနေတာပါပဲ။ ဘက်တစ်အသင်းဘက်က Antonyအတွက် အငှားစာချုပ်နဲ့ခေါ် ယူနိုင်ရေး မန်ယူနဲ့ သဘောတူညီမှုရဖို့ နီးစပ်နေပါတယ်။ Antony ဟာ ဒီရာသီ မန်ယူအတွက် တစ်ပွဲမှပွဲထွက်ကစားရခြင်းမရှိသေးပေမယ့် နည်းပြအေမိုရင်က အရန်ထိုင် ခုံမှာတော့ ထိုင်ခိုင်းထားပါတယ်။ မန်ယူအသင်းရဲ့ဘဏ္ဍာရေးစနစ်ကို အခြေခံပြီး နှစ်ဖက်ဆွေးနွေးမှုတိုးတက်မှုပြ နေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ မန်ယူအသင်းဘက်ကတော့ တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းပေး ခေါ်ယူထားတဲ့ အန်တိုနီအတွက် လုပ်ခငွေတစ်စိတ်တစ်ပိုင်း ပြန်ကာမိစေချင်တဲ့ဆန္ဒရှိနေတယ်။ အငှားစာချုပ်ရဲ့ သက်တမ်းဟာ ၂၀၂၅ ဇွန်လအထိနောက်ဆုံးဖြစ်မယ်လို့ သိရပြီး သက်တမ်းကုန်ရင် အပိုင်ဝယ်ခွင့်အချက်မပါဘူး လို့ သိရပါတယ်။ ဒီလအစောပိုင်းတုန်းက အိုလံပီယာကို့စ်အသင်းဟာ အမေ့လျော့ခံတောင်ပံကစားသမား Antony ကို အငှားခေါ် ဖို့ စိတ်ဝင်စားကြောင်း ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကစားသမားကိုယ်တိုင်က ဂရိအသင်းမှာ သွားမကစားချင်ဘူးလို့ ပြောခဲ့တဲ့အတွက် ပျက်ပြယ်ခဲ့ရတာပါ။ အခုတော့ Antony ဟာ သူကစားချင်စိတ်ရှိနေတဲ့စပိန်လာလီဂါမှာသွား ကစားဖို့သဘောတူညီမှုရထားပါတယ်။
© COPYRIGHTS 2024 by illuminati


























































































































