


သူ့အသင်း တန်ပြန်တိုက်စစ်ကစားပုံတိုးတက်လာနိုင်တယ်ဆိုပြီး မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာက လီဗာပူးကို အိမ်ကွင်းမှာ နှစ်ဂိုးပြတ်နဲ့ရှုံးပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ ‘မလုံ လောက်ဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်နောက်ဆုံးနှစ်ပွဲမှာတော့ ကျနော့်အသင်းကို ကျနော်အသိအမှတ်ပြုခဲ့ ပါတယ်။ နယူးကာဆယ်နဲ့ လီဗာပူးနဲ့ပွဲတွေမှာပေါ့။ ကျနော်တို့ကစားပုံ အရမ်းကောင်းခဲ့ပါတယ်။ ရီးယဲလ်နဲ့ကစား တဲ့နှစ်ပွဲမှာ ကျနော်တို့ကစားပုံမကောင်းခဲ့ဘူး။ နောက်တစ်ဆင့်မတက်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ဒီနေ့(လီဗာပူးနဲ့)ပွဲက တော့ အသင်းလိုက်ကစားပုံရစ်သမ်၊ ကျစ်လျစ်မှုနဲ့ ခက်ခဲတဲ့နေရာတွေမှာ ကစားသမားအများစုရဲ့စုစည်းညီညွတ်မှု စတဲ့အပိုင်းတွေမှာ အမှတ်အသားပြုနိုင်ခဲ့တဲ့ပွဲပါပဲ။ ဒါကို ကျနော်တန်ဖိုးထားတယ်။ တကယ်ကောင်းမွန်ပါတယ်။ တန်ပြန်တိုက်စစ်ကစားပုံတွေလည်း ကောင်းတယ်။ ဒီထက်ပိုတိုးတက်လာနိုင်ဖို့ရှိတယ်”ဆိုပြီး ဂွါဒီယိုလာက ပြော ကြားသွားတာပဲဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ လီဗာပူးနဲ့ပွဲ ပထမပိုင်းအထိဂိုးမရှိသရေကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းကျမှ အနိုင်နှစ်ဂိုးစ လုံးကို ပေးလိုက်ရတာပါ။ လီဗာပူးအတွက် အနိုင်နှစ်ဂိုးကိုတော့ တိုက်စစ်မှူးမိုဟာမက်ဆာလာနဲ့ ဆိုဘိုဆလိုင်း တို့ကို သွင်းယူပေးခဲ့တယ်။ ဒီပွဲနိုင်လိုက်တဲ့အတွက် လီဗာပူးဟာ အမှတ်ပေးဇယားမှာ ၁၁ မှတ်ပြတ်နဲ့ ဆက်လက် ဦးဆောင်ထားပြီး ရာသီကုန်ဖလားရဖို့လမ်းကြောင်းက ခိုင်မာသထက်ခိုင်မာလာပါပြီ။ မန်စီးတီးကတော့ အဆင့် လေးမှာရပ်တည်နေပြီး ကြားရက်မှာ စပါးနဲ့ပွဲကြပ်ထပ်ကစားဖို့ရှိပါတယ်။ ဒီပွဲရှုံးလိုက်တဲ့အတွက် မန်စီးတီးဟာ နောက်ဆုံးကစားခဲ့တဲ့လိဂ်ငါးပွဲမှာ နှစ်ပွဲမြောက်ရှုံးပွဲကြုံတွေ့လိုက်ရတာဖြစ် ပါတယ်။ ကြားရက်စပါးနဲ့အဝေးကွင်းကစားဖို့ရှိတာကလည်း မန်စီးတီးအတွက် နိုင်ပွဲရဖို့ ရုန်းကန်လာရနို်ငတဲ့အ နေအထားပါပဲ။ မန်စီးတီးရဲ့လိဂ်အဝေးကွင်းကစားပုံကလည်း ခြေစွမ်းတည်ငြိမ်မှုမရှိသေးဘူး။ လိဂ်အဝေးကွင်း နောက်ဆုံး ၆ ပွဲမှာ မန်စီးတီးဟာ နှစ်ပွဲပဲအနိုင်ယူထားနိုင်တာတွေ့ရတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ဘောလုံးအားကစား ဝါသနာပါသူတိုင်းအတွက် ပွဲရလဒ်တွေကို ပေါ့ပေါ့ပါးပါးခန့်မှန်းရင်း ပျော်ပျော်ပါးပါး ကြည့်လို့ရအောင် ကျွန်တော်တို့ရဲ့ Pieces Sport မှာ ပါဝင်ဆင်နွှဲလို့ရနေပြီဖြစ်ကြောင်း အသိပေးပါရစေ။ ပျော်ပျော်ကြီး ခန့်မှန်းဖို့ >>>> ps.piecesball.com အပတ်စဉ် ဘောလုံးပွဲတွေကိုခန့်မှန်းရင်း ၁သိန်းတန် ဆုကြေးကြီးကို အပိုင်ရယူနိုင်ပါစေ။ #piecessport
© COPYRIGHTS 2024 by illuminati


























































































































