


UFC 311 ပြိုင်ပွဲရဲ့ ခေါင်ပွဲမှာ လိုက်ဝိတ်ချန်ပီယံ Islam Makhachev က Renato Moicano ကို ပွဲသိမ်းခဲ့ပြီး ဒုတိယခေါင်ပွဲမှာ ဘင်တန်ဝိတ်ချန်ပီယံ Merab Dvalishvili က Umar Nurmagomedov ကို အနိုင်ရသွားပါတယ်။ ရှေ့ထွက်တွဲဆိုင်းတွေက အမှတ်ပေးအဆုံးအဖြတ်များပြီး နောက်ပိုင်းမှာ ပွဲသိမ်းများပါတယ်။ အခြေခံထိုးကြေးစာရင်းကို ပြောပါမယ်။ ပုံမှန်ဆိုရင် ပြည်နယ်အားကစားကော်မရှင်က အခြေခံထိုးကြေး (Base Salary) ကို တရားဝင်မထုတ်ပြန်ပါဘူး။ UFC 311 ပြိုင်ပွဲမှာ ကယ်လီဖိုးနီးယားပြည်နယ် အားကစားကော်မရှင် အမှုဆောင်ဒါရိုက်တာ Andy Foster က အခြေခံထိုးကြေးတွေကို မီဒီယာတွေဆီမှာ ထုတ်ပြန်လိုက်တယ်။ အဲဒီတော့ အခြေခံထိုးကြေးတွေက တရားဝင်ဖြစ်ပြီး စိတ်ချယုံကြည်နိုင်ပါတယ်။ UFC 311 ပြိုင်ပွဲမှာ အခြေခံထိုးကြေးအမြင့်ဆုံးက Merab Dvalishvili ဖြစ်ပါတယ်။ ဒေါ်လာ (၅) သိန်းပါ။ Umar Nurmagomedov က ဒေါ်လာ (၁) သိန်းပဲရပါတယ်။ ဒုတိယခေါင်ပွဲဖြစ်တာမို့ PPV Amount ပေါ်မူတည်ပြီး ထပ်ရဦးမလား မသိဘူး။ Islam Makhachev ရဲ့ အခြေခံထိုးကြေးက ဒေါ်လာ (၂) သိန်းဖြစ်ပြီး အခြေခံထိုးကြေး Merab Dvalishvili ထက် နည်းပေမယ့် စုစုပေါင်းထိုးကြေးနည်းမှာ မဟုတ်ဘူး။ ခေါင်ပွဲဖြစ်တာမို့ PPV Amount ပေါ်မူတည်ပြီး ထပ်ရဦးမှာဖြစ်သလို အခြေခံထိုးကြေးနည်းနည်းယူပြီး PPV Amount များများ ယူထားတာလည်း ဖြစ်နိုင်တာမို့ပါ။ လူစားသမား Renato Moicano က ဒေါ်လာ (၂) သိန်း (၅) သောင်းပါ။ Jiri Prochazka က ဒေါ်လာ (၂) သိန်း (၅) သောင်းရပြီး Jamahal Hill က ဒေါ်လာ (၂) သိန်းရပါတယ်။ Jailton Almeida က ဒေါ်လာ (၂) သိန်း (၂) သောင်းရတယ်။ Kevin Holland က ဒေါ်လာ (၂) သိန်း (၅) သောင်းရသလို Reinier de Ridder က ဒေါ်လာ (၂) သိန်း (၁) သောင်းဖြစ်ပါတယ်။ Tagir Ulanbekov က ဒေါ်လာ (၇) သောင်း (၂) ထောင်ရပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။
© COPYRIGHTS 2024 by illuminati






















































































