


ပြီးခဲ့တဲ့ရာသီမှာ ACL ဒဏ်ရာကြောင့် မန်စီးတီးအသင်းရဲ့ ပွဲစဉ်အများစုကို လွဲချော်ခဲ့ရတဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ ကွင်းလယ်လူ ရိုဒရီဟာ ကံမကောင်းစွာနဲ့ပဲ ဒဏ်ရာ ပြန်ရခဲ့တာကြောင့် အနည်းဆုံး စက်တင်ဘာလလယ်အထိ အနားယူရဖွယ်ရှိပါတယ်။ နည်းပြ ပက်ဂွာဒီယိုလာရဲ့ ပြောကြားချက်အရ ရိုဒရီဟာ ပြီးခဲ့တဲ့ ဇူလိုင်လက အလ်ဟီလာလ်အသင်းနဲ့ ကစားခဲ့တဲ့ ကလပ် ကမ္ဘာ့ဖလားပွဲမှာ ကြီးမားတဲ့ ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ လေ့ကျင့်ရေးတွေ ပြန်လုပ်နိုင်နေပေမယ့် လာမယ့် စက်တင်ဘာလ နိုင်ငံတကာပွဲတွေအပြီးမှသာ “တကယ်ကို ကြံ့ခိုင်မှု ပြည့်ဝလာမယ်” လို့ ဂွာဒီယိုလာက မျှော်လင့်ထားပြီး ထိခိုက်မှုတွေ မဖြစ်အောင် သူ့ကို အလျင်စလို ပြန်ကစားခိုင်းမှာ မဟုတ်ပါဘူး။ ဒါကြောင့် ရိုဒရီဟာ မန်ချက်စတာစီးတီးအသင်းရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွေကို လွဲချော်ဖို့ များပါတယ်။ ရေးသားသူ/အောင်ဘချော #Rangoonsportmedia #PremierLeague #ManchesterCity #Rodri
© COPYRIGHTS 2024 by illuminati



























